Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


22 Dec,2025

အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

‎*********************************

‎အိမ်မဲ      ဒီဇင်ဘာ     ၂၂

‎‎ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ အိမ်မဲမြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် ဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကြို့ကုန်းကျေးရွာ၌ မြစိမ်းရောင်​ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၄ ဒသမ ၆ သန်းဖြင့် တနိုင်တပိုင် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လစဉ်ဆောင်ရွက်ရမည့် စာရင်းဇယားများ ပြည့်စုံ မှန်ကန်မှု ရှိ၊ မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းအသင်းဝင်ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၌ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒသမအကြိမ်မြောက်အဖြစ် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် သူ ၁၆ ဦးကို ငွေကျပ် ၇ ဒသမ ၇ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၆ ဦးကို ငွေကျပ် ၆ ဒသမ ၃ သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၄၅ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၄၈ ဦးကို ငွေကျပ် ၁၃ ဒသမ ၈ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၄၆ ဦးကို ငွေကျပ် ၁၆ ဒသမ ၃၅ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသူ/သား ၁၃၈ ဦးကို ငွေကျပ် ၄၄ ဒသမ ၆ သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားသည့်အတွက် တနိုင်တပိုင် စီးပွားရေး လုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်