နေပြည်တော် ဒီဇင်ဘာ ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပုံဆွဲဌာနစိတ် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၈-၁၂-၂၀၂၅)ရက်နေ့ နေ့လည်(၂း၃၀)နာရီ အချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေး မှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသူ/သင်တန်းသားများအနေဖြင့် အင်ဂျင်နီယာကျင့်ဝတ်နှင့်အညီ လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ကြရန်နှင့် ဒီသင်တန်းကို မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှ ပို့ချပေးလိုက်သည်များကို လက်တွေ့ကျကျ အကျိုးရှိရှိ/ထိထိရောက်ရောက် ပြန်လည် အသုံးချရမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျင့်ဝတ်နှင့်တန်ဖိုးကို လေးစားလိုက်နာ၍ ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန်သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ကာ အင်ဂျင်နီယာချုပ်(မြို့ပြ)များက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား/သူများ၏ (ကိုယ်စား) သင်တန်းသား/သူ(၂)ဦးထံ ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းကို (၈-၁၂-၂၀၂၅)ရက် နေ့မှ (၁၈-၁၂-၂၀၂၅)ရက်နေ့အထိ နှစ်ပတ်ခန့်ကြာ သင်ကြားပို့ချပေးခဲ့ရာ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/ သူ ( ၄၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်