Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ်တွင် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် အလှူငွေများ လှူဒါန်း


18 Dec,2025

တံတားဦး ဒီဇင်ဘာ ၁၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၁၂၁) နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တံတားဦးမြို့ အမှတ် (၃) ရပ်ကွက်၊ လွှစဉ်တန်းရပ်ရှိ ရှေးဟောင်းဘုရား (၆) ဆူ ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အလှူငွေလှူဒါန်းပွဲကို အဆိုပါဘုရားပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အလှူငွေလှူဒါန်းပွဲသို့ တံတားဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်နှင့် ဝန်ထမ်းများက ဘုရားပရဝုဏ် အတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ဘုရားသောက်ရေနှင့် ဘုရားပန်းလဲလှယ်များ ဆောင်ရွက်ကြပြီး ရှေးဟောင်းဘုရား (၆) ဆူ ပြုပြင်မွမ်းမံနိုင်ရန်အတွက် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အလှူငွေကျပ် (၅၀၀၀၀) ကျပ်ကို လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့က လက်ခံရယူကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်