Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများ ကံဦးဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်း


18 Dec,2025

သာစည် ဒီဇင်ဘာ ၁၈

ဒီဇင်ဘာ ၁၈ ရက်၌ ကျရောက်မည့် မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ စုပေါင်း၍ သာစည်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ကံဦးဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် ဝန်ထမ်းများက ကျောင်းဝင်းအတွင်းနှင့် ဘုရားရင်ပြင်တော်တို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပြီး ဝန်ထမ်းများ စုပေါင်းထည့်ဝင်သော အလှူငွေ ကျပ်ငါးသောင်းကို ကျောင်းထိုင်ဆရာ‌တော်ထံ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကေတီ (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်