Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ် စိန်ပန်းစျေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်


18 Dec,2025

ပေါင် ဒီဇင်ဘာ ၁၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၌ စိန်ပန်းစျေး သမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစု ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သဘာပတိ(စိန်ပန်းစျေးသမဝါယမအသင်းဥက္ကဋ္ဌ)ဦးသန်းမင်းဦးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိဒေါ်သင်းသင်းယုနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအေးမင်းတို့က စိန်ပန်းစျေးသမဝါယမအသင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများက ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားခြင်း၊ အမှုဆောင် အစီရင်ခံစာနှင့် အသင်းစာရင်းစစ် အစီရင်ခံစားများ ဖတ်ကြားပြီး အစည်းအဝေးသို့ တက်ရောက် လာသော အသင်းသားတစ်ဦးလျှင် စားသုံးဆီ၊ ဟင်းခတ်အချိုမှုန့်နှင့် ကိုယ်တိုက်ဆပ်ပြာ များအား ပေးအပ်ခဲ့ပြီး အသင်းမှအနားယူသွားသော အသင်းဝန်ထမ်းဟောင်း (၅) ဦးအား ဂါရဝ လက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်