Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ငါန်းကျကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေအဋ္ဌမအကြိမ် ထုတ်ချေး


23 Dec,2025

"တောင်တွင်းကြီးမြို့နယ် ငါန်းကျကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေအဋ္ဌမအကြိမ်  ထုတ်ချေး"

တောင်တွင်းကြီး၊ဒီဇင်ဘာ ၂၃

     မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကငါန်းကျ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေးခြင်းကိုယနေ့နံနက်ပိုင်းကအဆိုပါကျေးရွာ၌ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
     ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ငါန်းကျ+တဲကြီးကုန်းကျေးရွာရှိရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ် ချက်များ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
     ဆက်လက်၍တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးငါန်းကျ+တဲကြီးကုန်းကျေးရွာရှိ မြစိမ်းရောင်ကျေး ရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၈၇သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်နှင့်တာဝန်ရှိသူများကမြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ငါန်းကျ+ တဲကြီးကုန်းကျေးရွာတွင် အဋ္ဌမအကြိမ်အဖြစ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၇ဦး ကိုငွေကျပ် ၂၇၉သိန်း၊ မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူ ၅၇ဦးကိုငွေကျပ် ၂၀၁သိန်း ၊အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်သူတစ်ဦးကိုငွေကျပ် ၇ သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ  ၁၃၅ဦးကိုအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်၄၈၇သိန်းထုတ်ချေးပေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်