ဘားအံမြို့နယ် ကျိုက်ကေလာသကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကွင်းဆင်းစစ်ဆေး
ဘားအံ ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထုတ်ကုန်များ ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ကျိုက်ကေလာသကျေးရွာ၌ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဒေါ်ခင်ဇာဝင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် ခရိုင်/မြို့နယ်မှတာဝန်ရှိသူများက ကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က ကုန်ထုတ်လမ်းအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် ကျေးရွာမှ တာဝန်ရှိသူများအားမှာကြားသည်။
ကျိုက်ကေလာသကျေးရွာတွင်ကျေးလက်ကုန်ထုတ်လမ်းသည် အရှည် ၁မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ မြေ+ဂဝံလမ်း ဖြစ်ပြီး အဆိုပါ လမ်းပေါ်တွင် Box Culvert (၂)စင်းပါဝင်ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေကျပ် ၁၃၅ သန်းဖြင့် ဌာနစုဖွဲ့ကော်မတီမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပထမအပတ်က စတင်တာဝန်ယူ ဖောက်လုပ်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၆၅ရာနှုန်းခန့်ပြီးစီးနေပြီဖြစ်သဖြင့် အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ဒေသထွက်ကုန်များကို ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ သွယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်ထံကသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်