Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်အောင်မြို့နယ် ဇရစ်ထူကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်စီချောင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး


23 Dec,2025

မြန်အောင်မြို့နယ် ဇရစ်ထူကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်စီချောင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

‎********************************

‎မြန်အောင်     ဒီဇင်ဘာ     ၂၃

‎‎ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဇရစ်ထူကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်စီချောင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဇော်ထက် နှင့် တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုး‌ရေးကော်မတီဝင်များနှင့်အတူ ဇရစ်ထူကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်စီချောင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြား ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎ဇရစ်ထူကျေးရွာတွင်းလမ်းအရှည် ပေတစ်ထောင် အကျယ် ၁၂ ပေ အမြင့် ၆ လက်မ ကွန်ကရစ် ဘောင်စီချောင်းကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေကျပ်သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ် ၃၅ သိန်း၊ စုစုပေါင်းငွေကျပ် ၁၈၅ သိန်းဖြင့် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာရှိ အိမ်ခြေ ၈၂ အိမ်မှ လူ ၂၆၄ ဦးအတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလျက်ရှိကြောင်း မြန်အောင်မြို့နယ်ဦးစီးမှူး ဦးနေဇော်ထက်က ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်