နေပြည်တော် ဒီဇင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဓမ္မဇောက်ကျေးရွာ အုပ်စု၊ တီတွဒ်ကျေးရွာသို့ သွားရောက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ ပံ့ပိုးမှုများဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေး လုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ဆောင် ရွက်သည့် တီတွဒ်ကျေးရွာတွင်းလမ်း အပိုင်း (၁) ပေ (၁၂၀၀) နှင့် အပိုင်း (၂) ပေ (၁၁၀၀) ကျောက်ချောခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲတင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်