Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး မန္တလေးမြို့၊ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေး


22 Dec,2025

နေပြည်တော် ဒီဇင်ဘာ ၂၀

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တာဝန် ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက် မွေးပညာသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးသည် သင်ကြားရေးစက်ရက်ကန်းရုံအတွင်း ချည်မျှင်နှင့်အထည် အလိပ်အတတ်ပညာ ဒီပလိုမာ (၁) နှစ်သင်တန်း တက်ရောက်နေကြသော သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောပြီး တာဝန်ရှိသူများအား အများပြည်သူနှစ်သက်သောဒီဇိုင်းများ ဖြစ်စေ ရေး၊ ဈေးနှုန်းသင့်တင့်မျှတရေး၊ ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

          ယင်းနောက် Weaving and Vocational Sector Development Project စီမံကိန်းပြီးမြောက် အောင်မြင်မှုအခမ်းအနားအား ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီး ဦးသိုက်စိုး၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က အမှာ စကား‌ ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် အိန္ဒိယနိုင်ငံမှ လှူဒါန်းသော လွန်းမဲ့ရက်ကန်းစက်အား အမွှေးနံ့သာရည်များ ပက် ဖျန်း ဖွင့်လှစ်ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ပင်သာ-ဆင်ရွာတောလမ်း အရှည် (၃.၁၅)ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ မှာကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် သမဝါယမကောလိပ် (မန္တလေး) သို့ သွားရောက်၍ ဝန်ထမ်း ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ တစ်ဦးချင်းအခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် (၃) ထပ် ပင်မစာသင်ဆောင်ကြီးကိုလည်းကောင်း၊ ဝန်ထမ်း အိမ်ရာများ ပြန်လည်ပြုပြင်နေမှုများကိုလည်းကောင်း လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်