Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ်၌ သာဂရ-သုံးပတ်လည်-အလယ်ကန် လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


23 Dec,2025

သာစည် ဒီဇင်ဘာ ၂၂

     မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း မြေသားတာပေါင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။

    ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၈၃ ဒသမ ၈၂၈ သန်းဖြင့် သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း လမ်းအရှည် သုည ဒသမ ၈၂ကီလိုမီတာအား မြေသားတာပေါင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်း များကို သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဒေါ်နှင်းနှင်းအိလှိုင်နှင့် မြို့နယ်တာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျန်လမ်းပိုင်းများအား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်လျာထား ဆောင်ရွက်သွားရန် မှာကြားသည်။

   သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်းသည် ရန်ကုန်-တောင်ငူ- မန္တလေးလမ်း၊ခရိုင်ချင်းဆက်(၂)လမ်းတို့ဖြင့် ချိတ်ဆက်သွားလာနိုင်သော အဓိကကျသော လမ်းဖြစ်ပြီး အဆိုပါဒေသရှိ ကျေးရွာငါးရွာမှ ဒေသခံ ပြည်သူများအတွက် သွားလာရေးအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်