Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှည်းကူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


24 Dec,2025

လှည်းကူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

‎************************************

‎လှည်းကူး        ဒီဇင်ဘာ          ၂၄

‎‎ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက လေးထောင့်ကန်စစ်မှုထမ်းဟောင်းစံပြကျေးရွာနှင့် ဒါးပိန်တောင်ကျေးရွာတို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများကို ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ လှည်းကူးခရိုင်ဦးစီးမှူး ဦးတင်အောင်သန်း၊ လှည်းကူးမြို့နယ် ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် တာဝန်ရှိသူများက လေးထောင့်ကန်စစ်မှုထမ်းဟောင်းစံပြကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၂၆၈ သန်းဖြင့် ကုန်ထုတ်လမ်းအရှည် ၆ ဒသမ ၆ ဖာလုံ အကျယ် ၁၂ ပေ ထု ၉ လက်မ မြေသာခင်းခြင်းနှင့် ဂဝံကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက လုပ်ငန်းတာဝန်ခံအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ် ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအား အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

‎‎ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဒါးပိန်တောင်ကျေးရွာ၌ ပြည်ထောင်စု အထွေထွေပိုလျှံ ရန်ပုံငွေကျပ် ၁၆ ဒသမ ၂ သန်းဖြင့် ကျေးရွာတွင်းလမ်း အရှည် ပေ ၄၀၀ အကျယ် ၈ ပေ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာတွင်းလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်တွေ့ဆုံ ၍ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့စေရေးနှင့် အကျိုးရှိစွာအသုံးချရေး သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်