Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး ပဲခူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


23 Dec,2025

နေပြည်တော် ဒီဇင်ဘာ ၂၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး ကားလမ်း ဟောင်း၏ အရှေ့ဘက် (၃) မိုင်ခန့်အကွာတွင် တည်ရှိသော ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်း ပေ (၄၆၂၀) ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ အဆိုပါကုန်ထုတ်လမ်းသည် ကျေးရွာရှိ အိမ်ခြေ (၄၇၄) အိမ်၊ တောင်သူ (၂၀၃) ဦး၏ စိုက်ပျိုးမြေဧက (၂၅၈၀) ဧကကို အကျိုးပြုမည် ဖြစ်သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ အနောက်ဘက် (၂) မိုင်အကွာတွင် တည်ရှိသော ရွှေတန်ကျေးရွာသို့သွားရောက်၍ ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ရွှေတန်-ပြဟန် ကျေးရွာချင်းဆက်လမ်း အရှည် (၅) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်း များ၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်း ပြောကြားပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းတင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်