Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်လမ်းခုနစ်လမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်


23 Dec,2025

မင်းဘူး ဒီဇင်ဘာ ၁၉

     မကွေးတိုင်းဒေသကြီး (စကု)မြို့နယ်၌ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သန်း ၄၀၀ ကျော်ဖြင့် ကျေးလက်နေပြည်သူများ  သွားလာရေးလွယ်ကူချောမွေ့ အဆင်ပြေစေရန် Quick Win အစီအစဉ်ဖြင့် ကျေးလက်လမ်း ခုနစ်လမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

    မင်းဘူး(စကု)မြို့နယ်၌ အဆိုပါ Quick Win အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ကျေးလက်လမ်း ခုနစ်လမ်းအနက် ရေတွင်းကုန်း ကျေးရွာအနီးရှိ ဆားဗွက်ချောင်းတံတား ချဉ်းကပ်လမ်း ပြန်လည်ပြုပြင်ခြင်း၊ ဆင်လမ်းကြီး - ရေတွင်းကုန်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းနှင့် ကျောက်စစ်ပုံ-ကံကုလား ကျေးရွာချင်းဆက်လမ်းကို မြေနီခင်း၍ ပြန်လည်ပြုပြင်ခြင်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကာ ကျန်ရှိသည့်လုပ်ငန်းများအားလုံး သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်အချိန်မီ ပြီးစီးရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်