Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးခရိုင်အတွင်း ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


23 Dec,2025

ပဲခူး ဒီဇင်ဘာ ၁၉  

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုးသည် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်လူနှင့်အတူ ဒီဇင်ဘာ ၁၇ ရက်က ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့်ကဝမြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှု လုပ်ငန်းများအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

     ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ်အတွင်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် - ပြည်ထောင်စုအထွေထွေပိုလျှံ (GRF) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွှေတန် - ပြဟန်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အပိုင်း- ခုံတိုင်း - ကျိုက်ဒေယုံလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဝေါမြို့နယ်ရှိ ဘုရားပျို့ -ကမာဘကန် - ကတွတ် - ညောင်ကိုင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ သနပ်ပင်မြို့နယ်ရှိ မကြက်စု - လောင်မီးလမ်း ဂဝံရောမြေခင်းခြင်း လုပ်ငန်းနှင့် ကဝမြို့နယ်ရှိ မုဒု-ရာဟုလမ်း ဂဝံရောမြေခင်းခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

သက်ထက်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်