Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ မုံရွာစီးပွားရေးတက္ကသိုလ် တွင် တက္ကသိုလ် (၂၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံ တွင် စာတမ်းရှင်(၂)ဦးမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း


24 Dec,2025

မုံရွာစီးပွားရေးတက္ကသိုလ် တွင် တက္ကသိုလ် (၂၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံကို (၂၂.၁၂.၂၀၂၅) ရက်နေ့နှင့် (၂၃.၁၂.၂၀၂၅)ရက် နေ့များတွင် နံနက် (၀၉:၀၀) နာရီမှ ညနေ (၀၅:၀၀)နာရီ အချိန်အထိ မုံရွာစီးပွားရေးတက္ကသိုလ် Conference Room, Silver Jubilee Hall တွင်ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ 
အဆိုပါအခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ကိုယ်စားပြု သုတေသနစာတမ်းရှင်များဖြစ်ကြသည့် ဒေါက်တာချောအိအိထွန်း၊ ပါမောက္ခ၊ ဌာနမှူး၊ စာရင်းအင်းပညာဌာနမှ "Analysis of Roads Infrastructure on Income and Productivity of Household's Farmers in Pin Lein Village, Pyin Oo Lwin Township" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဖူးပြည့်စုံ၊ လက်ထောက်ကထိက၊ စာရင်းအင်းပညာပညာဌာန မှ "The Effect of Artificial Intelligence in Improving Students’ Academic Performance in University of Co-operative and Management, Thanlyin" ခေါင်းစဉ်ဖြင့်လည်းကောင်း သုတေသနစာတမ်းများကို အသီးသီး ဖတ်ကြားတင်သွင်းခဲ့ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်