Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ အောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိ”


29 Dec,2025

နေပြည်တော် ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်း စားသုံးဆီများ ထုတ်လုပ်ရန် အဆင့်မီဆီစက်များလိုအပ်နေသဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်ဖွဲ့စည်းပြီး အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။

ယင်းလုပ်ငန်းများအောင်မြင်စေရေးအတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး(Monitoring and Evaluation)အဖွဲ့ခေါင်းဆောင်ဖြစ်သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းတွင် အဖွဲ့ဝင်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျှက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းအား ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ “Golden Myanmar Development Co.,Ltd”မှ ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းသို့ သွားရောက်ပြီး ဆီစက်လုပ်ငန်း လည်ပတ်ထုတ်လုပ် တိုးတက်ဖြန့်ဖြူးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ချေးငွေရယူ ဆောင်ရွက်နေသည့် ဆီလှောင်ကန်များပြီးစီးမှု ၈၀ရာခိုင်နှုန်း အခြေအနေနှင့် ရာနှုန်းပြည့်ဆောင်ရွက်နိုင်မည့် အခြေအနေများ အား စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်