နေပြည်တော် ဒီဇင်ဘာ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပါဒကြီးကျေးရွာသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း မြေဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ အရည်အသွေး ပြည့်မီစွာ သတ်မှတ်အချိန်မီပြီးစီးရေး မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်သည် မြိုင်သာယာကျေးရွာသို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က ဆောင်ရွက်လျက်ရှိသော မြိုင်သာယာအဝင်လမ်း အရှည်ပေ ၂၄၇၅ပေ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းများအချိန်မီပြီးရေး၊ အရည်အသွေး ပြည့်မီစွာ သတ်မှတ်အချိန်မီပြီးစီးရေး မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး ကျောင်းကုန်းဆိပ်ကြီးလမ်း ပေါ်ရှိ ပြည်ထောင်စုအထွေထွေပိုလျံရန်ပုံငွေ(Quick Win)ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေသော Slab Culvert ဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသား စုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော စက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ကိုင်နေကြသည့် May Lay စက်ချုပ်လုပ်ငန်းအား ကြည့်ရှုအားပေးပြီး လုပ်ငန်းရှင်(၅)ဦးနှင့် တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များအား တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်