ပျော်ဘွယ် ဒီဇင်ဘာ ၂၅
ပျော်ဘွယ်-ဘုရားငါးဆူကားလမ်းနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျူတော၀-တဲကြီးကုန်းကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ချောင်းကူးကွန်ကရစ် တံတားတည်ဆောက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၄ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်နှင့် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းတို့က တံတားတည်ဆောက်ရာတွင် အရည်အသွေးပြည့်ဝစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးပြီး ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်း၊ ပျော်ဘွယ်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)ဒေါ်သွယ်ဇင်ဦးတို့က လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ တံတားသည် ကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအရှည်ပေ ၅၀၊ အကျယ် ပေ ၂၀ ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း (ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောက်လုပ်နေခြင်းဖြစ်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်