Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


29 Dec,2025

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၅

     မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယမန်နေ့တွင် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် ခရိုင်/မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများသည် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေမှ ကျပ် ၃၄၅ သန်းဖြင့် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း ဒါန့်ကျင်းကျေးရွာအဝင်လမ်းပေါ်တွင် အရှည် ပေ ၁၅၀၊ အကျယ် ပေ၂၀ ရှိ ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး အင်ဂျင်နီယာချုပ် ဦးလှခိုင်က လုပ်ငန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဒီပါမင်း


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်