အုတ်တွင်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ဒီဇင်ဘာ ၂၄ ရက်က ကျောင်းစုကျေးရွာ ကျောင်းစုလမ်း ကျောက်ရောမြေခင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန(ရုံးချုပ်) နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုးနှင့် လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု အထွေထွေ ပိုလျှံရန်ပုံငွေဖြင့် အုတ်တွင်းကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်သော ကျောင်းစုလမ်း ကျောက်ရောမြေပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်