ပုသိမ် ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဌာနက တာဝန်ယူ ဆောင်ရွက်သော ရှောပြာ-အိုးဖိုကုန်းလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူမင်းက လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လမ်းကော်မတီများနှင့် ဒေသခံပြည်သူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မေချို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်