Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ်၌ ရုရှားနေကြာ (Makhaon) စံပြစမ်းသပ်စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု


29 Dec,2025

ညောင်ရွှေ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ၌ ပင်မြင်စံငွေစုငွေချေး သမဝါယမအသင်းမှ မြေငါးဧကတွင် ရုရှားနေကြာ (Makhaon) စံပြစမ်းသပ်စိုက်ပျိုးထားရှိကြောင်း သိရသည်။

အဆိုပါ ဆောင်းနေကြာရုရှားမျိုး (Makhaon) စံပြစိုက်ပျိုးခင်းကို သမဝါယမအသင်းသား တောင်သူနှစ်ဦးက စိုက်ပျိုးထားရှိရာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့နောက် ဗေဒါသဘာဝမြေသြဇာ အိတ် ၂၀ နှင့် အာမိုကွန်ပေါင်း မြေသြဇာသုံးအိတ်ပံ့ပိုးပေးအပ်ခဲ့ပြီး သတ်မှတ်စံနှုန်းများအတိုင်း စနစ်တကျစိုက်ပျိုးကြရန်၊ မြေသြဇာ၊ ရွက်ဖြန်းအားဆေးနှင့် လိုအပ်သောသွင်းအားစုများ မပြတ်လပ်စေရေး မြို့နယ်သမဝါယမအသင်းစုနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ညောင်ရွှေမြို့နယ်အနေဖြင့် ဆီနေကြာစိုက်ဧက ၁၇၀၀ လျာထားစိုက်ပျိုးလျက်ရှိပြီး ရေဆင်း (၁) စပ်မျိုး ၊ ဆူရာကီရမ်နှင့် ရုရှားနေကြာတို့အား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်