Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ်၌ ဆီနေကြာစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု


29 Dec,2025

ညောင်ရွှေ  ဒီဇင်ဘာ  ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ၁၅ ဧကစီ တာဝန်ယူစိုက်ပျိုးလျက်ရှိသည့် ရုရှားနေကြာစိုက်ပျိုးမှုမှ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာရှိ ပင်မြင့်စံငွေစုငွေးချေးသမဝါယမအသင်း အသင်းသားနှစ်ဦး၏ ရုရှားနေကြာ (Makhaon) ငါးဧက စိုက်ပျိုးထားရှိမှုကို ကြည့်ရှု၍ သတ်မှတ်ကာလအတိုင်း သွင်းအားစု၊ ပိုးသတ်ဆေးသုံးစွဲရန်နှင့် ရေသွင်းခြင်းများ ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ဆူရာကီရမ်နေကြာ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုပြီး သတ်မှတ်အကွာဝေးအတိုင်း ပင်ခွဲခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်းများ ဆောင်ရွက်ရန်၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး သဘာဝ မြေသြဇာသွင်းအားစုများ အသုံးပြုရန်၊ အပင်ကြီးထွားချိန်၊ အစေ့တည်ချိန်များတွင် လိုအပ်သော ရေပမာဏဖျန်းခြင်းတို့ဖြင့် အောင်မြင်ဖြစ်ထွန်းရေးအတွက် အသင်းအဆင့်ဆင့်က အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်