Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ် ဇရပ်လှ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၁၂ကြိမ်မြောက် ထုတ်ချေး


29 Dec,2025

ရေကြည်မြို့နယ် ဇရပ်လှ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၁၂ကြိမ်မြောက် ထုတ်ချေး

‎‎ရေကြည် ဒီဇင်ဘာလ ၂၉‎

‎ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားလာပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန် ရည်ရွယ် ၍ ဇရပ်လှကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေ ၁၂ကြိမ်မြောက် ပြန်လည်ထုတ်ချေးခြင်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်း က တာဝန်ရှိသူများ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။‎

‎ရှေးဦးစွာ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ အတိုး/အရင်းများကို သတ်မှတ်ရက် အတွင်း အချိန်မီပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ၊ ချေးငွေအဆိုပြုလွှာပါ လုပ်ငန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ဥပဒေ၊နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားသည်။‎

‎ဆက်လက်၍ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး  ဒေါ်သန်းသန်းဆွေ နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။‎

‎ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ဇရပ်လှကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၁၂ကြိမ်‌မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၈ ဦး ထံသို့ အရင်းမပျောက်မတည်ရန်ပုံငွေ ၁၂၀ ဒသမ ၂ သိန်း ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၁ ဦးထံသို့ ရန်ပုံငွေ ၁၈၃ ဒသမ ၁ သိန်း  ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅၈ ဦး ရန်ပုံငွေ ၁၀၀ ဒသမ ၅ သိန်း စုစုပေါင်း ၂၃၇ ဦး ထံသို့အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၄၀၃ ဒသမ ၈သိန်း ထုတ်ချေးပေးခဲ့ကြောင်း ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေ  ထံမှ သိရသည်။

‎ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်