Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်၌ ကျေးလက်လမ်းပြုပြင်ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


29 Dec,2025

မြစ်သား ဒီဇင်ဘာ ၂၄

     မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)၂၀၂၅-ရန်ပုံငွေဖြင့် Royal Bhone Myat Thu Co.,Ltd မှ တာဝန်ယူဆောင်ရွက်သည့် မြစ်သား- စံပါယ်တောလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ဒီဇင်ဘာ ၁၈ ရက်က မြစ်သားမြို့နယ် တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

    အဆိုပါလမ်း ပြုပြင်ဆောင်ရွက် ပေးခြင်းအားဖြင့် ကျေးရွာရှစ်ရွာ၊ အိမ်ခြေ ၃၇၉၈ အိမ်၊ လူဦးရေ ၁၈၆၃၁ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ နှင့် ကျေးလက်ထုတ်ကုန်များရေး၊ အပြန်အလှန်ရောင်းဝယ် ဖောက်ကားရေးတို့ကို များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်