Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်း


31 Dec,2025

ထားဝယ် ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ဘုမ္မော်ရပ်ကွက်၊ ကွင်းအမှတ်-၁၄/၆၌ ရွှေဝါမြေ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမီတက်မှ အသင်းသားတောင်သူ ဦးဟန်စိန်၏ မိုးစပါးဧက ၅၀ ၌ မိုးစပါးရိတ်သိမ်းလျက်ရှိသည်။

ထိုသို့ မိုးစပါးဧက ၅၀ ၌ ထိုင်းနှံကောက်စပါးနှင့် GW-11 စပါးများအား ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် တာဝန်ရှိသူများ၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများတို့က ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက မိုးစပါးများအား ဈေးကွက်ရရှိရေး သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်