Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်း


31 Dec,2025

ထားဝယ် ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ဘုမ္မော်ရပ်ကွက်၊ ကွင်းအမှတ်-၁၄/၆၌ ရွှေဝါမြေ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမီတက်မှ အသင်းသားတောင်သူ ဦးဟန်စိန်၏ မိုးစပါးဧက ၅၀ ၌ မိုးစပါးရိတ်သိမ်းလျက်ရှိသည်။

ထိုသို့ မိုးစပါးဧက ၅၀ ၌ ထိုင်းနှံကောက်စပါးနှင့် GW-11 စပါးများအား ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် တာဝန်ရှိသူများ၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများတို့က ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက မိုးစပါးများအား ဈေးကွက်ရရှိရေး သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်