Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ


29 Dec,2025

မကွေး ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းဥက္ကဋ္ဌ သဘာပတိ ဦးဘုန်းမြင့် ထွန်းက တစ်နှစ်အတွင်းရရှိခဲ့သော ဝင်ငွေ၊ အသုံးစရိတ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ အသင်းစာရင်း စစ်အဖွဲ့၏ အစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသင်းသား (၁၇၇) ဦးအား စုဆောင်းငွေအပေါ် အတိုးကျပ် ၂၉ ဒသမ ၄၀၃၆ သိန်း ထုတ်ပေးခဲ့ပြီးငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ ရေနွေးဓာတ်ဘူးများ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်