မကွေး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်း အချင်းချင်းပံ့ပိုးငွေ၊ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေတို့ဖြင့် စီမံကိန်းသီးနှံများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် နံဇူပင်ကျေးရွာ၊ နံဇူပင်စိုက်/ထွေ သမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်ဝင်း၏ လယ်၃.၅ ဧကတွင် မိုးစပါး(ဆာဖိုးသာ) ရိတ်သိမ်းပြီးစီးမှု၊ ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိတို့အား မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြမြလွင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အဆိုပါနံဇူပင်စိုက်/ထွေသမဝါယမအသင်းတွင် အသင်းသား(၉၀)ဦးတို့က မိုးစပါး(ဆာဖိုးသာ) ဧက(၂၂၂)စိုက်ပျိုးပြီး စိုက်ဧက(၁)ဧကလျှင် ကျပ်(၃၀၄၅၀၀/-) တန်ဖိုးနှင့်ညီမျှသည့် မျိုးနှင့် သွင်းအားစု ကျပ်(၆၇.၅၉၉)သန်းအား စီမံကိန်းအနေဖြင့် ထောက်ပံ့ခဲ့သည်။
အောင်လံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ သက်တန့်ရောင်စီမံကိန်းအနေဖြင့် အသင်း (၂)သင်း၊ အသင်းသားတောင်သူ(၁၁၂)ဦး၊ စိုက်ဧက(၃၂၂)အတွက် သွင်းအားစုပံ့ပိုးငွေ စုစုပေါင်းကျပ် (၁၀၁.၀၉၄၂)သန်း ထောက်ပံခဲ့ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်