Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ်တွင် မိုးစပါး(ဆာဖိုးသာ)ရိုတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


30 Dec,2025

မကွေး ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်း အချင်းချင်းပံ့ပိုးငွေ၊ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေတို့ဖြင့် စီမံကိန်းသီးနှံများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် နံဇူပင်ကျေးရွာ၊ နံဇူပင်စိုက်/ထွေ သမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်ဝင်း၏ လယ်၃.၅ ဧကတွင် မိုးစပါး(ဆာဖိုးသာ) ရိတ်သိမ်းပြီးစီးမှု၊ ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိတို့အား မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြမြလွင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

အဆိုပါနံဇူပင်စိုက်/ထွေသမဝါယမအသင်းတွင် အသင်းသား(၉၀)ဦးတို့က မိုးစပါး(ဆာဖိုးသာ) ဧက(၂၂၂)စိုက်ပျိုးပြီး စိုက်ဧက(၁)ဧကလျှင် ကျပ်(၃၀၄၅၀၀/-) တန်ဖိုးနှင့်ညီမျှသည့် မျိုးနှင့် သွင်းအားစု ကျပ်(၆၇.၅၉၉)သန်းအား စီမံကိန်းအနေဖြင့် ထောက်ပံ့ခဲ့သည်။

အောင်လံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ သက်တန့်ရောင်စီမံကိန်းအနေဖြင့် အသင်း (၂)သင်း၊ အသင်းသားတောင်သူ(၁၁၂)ဦး၊ စိုက်ဧက(၃၂၂)အတွက် သွင်းအားစုပံ့ပိုးငွေ စုစုပေါင်းကျပ် (၁၀၁.၀၉၄၂)သန်း ထောက်ပံခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်