Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ


31 Dec,2025

သန်လျင်၊ ဒီဇင်ဘာ ၃၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ၃၀-၁၂-၂၀၂၅ ရက်နေ့နှင့် ၃၁-၁၂-၂၀၂၅ ရက်နေ့တို့တွင် ဘက်စုံသုံးခန်းမ၊ ဥတ္တရဆောင်နှင့် ဒက္ခိဏဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အားကစားပြိုင်ပွဲများမှာ ထုပ်ဆီးတိုးပြိုင်ပွဲ (အမျိုးသမီး)၊ လွန်ဆွဲပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ အပ်နဖားထိုးအပြေးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ အပြေးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)နှင့် ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲများဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ 
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၃၁-၁၂-၂၀၂၅ ရက်နေ့၊ နေ့လယ်  ၁နာရီ၌ ဒက္ခိဏဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများကို လွတ်လပ်ရေး ကြိုးပမ်းသူများကိုဂုဏ်ပြုရန်၊ အမျိုးသားရေးစည်းလုံးညီညွတ်မှုကိုပြသရန်၊ မျိုးဆက်သစ်လူငယ်များကို နိုင်ငံချစ်စိတ်၊ တာဝန်ယူလိုသောစိတ်များဖြင့် ရှင်သန်နေစေရေးအတွက် သမိုင်းတွင်ရှိခဲ့သော ဖြစ်တည်ကြိုးစားမှုများကို အမှတ်ရစေရန်၊ နိုင်ငံတစ်ခု၏ လွတ်လပ်မှုဆုံးရှုံးခဲ့လျှင် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်ဆုံးရှုံးပြီး၊ နိုင်ငံ၏တည်နေရာ၊ နယ်နိမိတ်နှင့် ယဉ်ကျေးမှု၊ အမွေအနှစ်များ အားလုံး ဆုံးရှုံးကြမှာဖြစ်ကြောင်း၊ လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်းရမည်ကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏သန္တန်၌ စွဲမြဲစွာအမှတ်ရနေစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့အားကစားပွဲများကို တက္ကသိုလ်အနေဖြင့် စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ပါ၊ နိုင်ငံ၏ သတ်မှတ်ဥပဒေနှင့်အညီ စည်းကမ်းများကိုလိုက်နာကျင့်သုံးပါ၊ စည်းလုံးညီညွတ်မှုကိုပြသကြပါ၊ မလွတ်လပ်ခဲ့သော အတိတ်သမိုင်းကို သင်ခန်းစာယူပြီး လွတ်လပ်သော အနာဂတ်များအတွက် ဆက်လက်ရှင်သန်ကြပါ၊ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြပါဟု ပြောကြားခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲအလိုက်   ဆုရရှိသူ များအား ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်