သန်လျင်၊ ဇန်နဝါရီ ၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ် (၁၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် ၂၀၂၆ ခုနှစ် နှစ်ဦးအလှူ အခမ်းအနားကို ဘက်စုံသုံးခန်းမတွင် ၃၁-၁-၂၀၂၅ ရက်နေ့ နှင့် ၁-၁-၂၀၂၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တက္ကသိုလ် (၁၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို ၃၁-၁-၂၀၂၅ ရက်နေ့ ညနေ (၃:၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ညောင်သုံးပင် ကျောင်းတိုက်မှ ဆရာတော် ဦးလင်္ကာသာရအမှူးပြု၍ သံဃာတော်အရှင်သူမြတ် (၅)ပါးမှ ကြွရောက်ချီးမြှင့် တော်မူကြပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား၊ စီမံဌာနမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ညောင်သုံးပင် ကျောင်းတိုက်မှ ဆရာတော် ဦးလင်္ကာသာရထံမှ (၅)ပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ မှ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ၎င်းနောက် တက္ကသိုလ်မိသားစုဝင်များအတွက် Happy Money Lucky Draw နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီး ထိုပျော်ပွဲရွှင်ပွဲ၌ ငွေကျပ် ၂၅ သိန်း ၆ သောင်းကျပ်အား ဗလာမပါကံစမ်းမဲ ဖောက်ပေးခဲ့ရာ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ ခဲ့ကြပါသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် နှစ်ဦးအလှူအခမ်းအနားကို ယနေ့ နံနက် (၆:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ဆရာတော်များထံမှ (၅)ပါးသီလ ခံယူဆောက်တည်၍ အနုမောဒနာတရားနာယူခဲ့ကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ သင်ကြား၊ စီမံဌာနများမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများမှ သင်္ကန်းခြင်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရွှေတောင်ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ယနေ့ကျင်းပပြုလုပ်သည့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၆ ခုနှစ် နှစ်ဦးအလှူ စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၃၃၇၈၁၀၀/- ဖြစ်ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်