Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎မိုင်းဖြတ်မြို့နယ် နမ့်လန်း ကျေးရွာ၌ ဘက်စုံသုံး ခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး ‎


05 Jan,2026

‎မိုင်းဖြတ်မြို့နယ် နမ့်လန်း ကျေးရွာ၌ ဘက်စုံသုံး ခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  စစ်ဆေး

‎မိုင်းဖြတ် ဇန်နဝါရီ ၅
‎          ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့ပြနှင့်ကျေးလက် လူမှုစီးပွားဘဝဖွံ့ဖြိုးကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်  ပြည်ထောင်စု (အထွေထွေပိုလျှံ)ရန်ပုံငွေ ဖြင့်  နမ့်လန်း ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း  ဆောင်ရွက်နေမှု   အခြေအနေများကို ဇန်နဝါရီလ ၄ ရက်နေ့   နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
‎          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဖြတ်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်  နှင့်  တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ နမ့်လန်း  ကျေးရွာ ၌ ဘက်စုံသုံးခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း  ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မိုင်းဖြတ်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်  က  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီအရည်အသွေး ပြည့်မီစေ ရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
‎         ‌အဆိုပါ နမ့်လန်း ကျေးရွာ၌ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေ ရှိ  ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း  လုပ်ငန်းများကို  ပြည်ထောင်စု (အထွေထွေပိုလျှံ) ရန်ပုံငွေကျပ်  ၁၅၀   သိန်း  အသုံးပြုကာ  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများက တာဝန်ယူ၍   ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁    ရက်‌ က   စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းဆောင်ရွက်မှုမှာ ၇၅  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မိုင်းဖြတ်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်  ထံမှ သိရသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်