နေပြည်တော်၊ ဒီဇင်ဘာ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်သက် (၃၀)နှစ်၊ (၄)လတာကာလတစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်အား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းများဖြစ်သော ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်တို့တက်ရောက်ကြပါသည်။
အခမ်းအနားတွင် စီမံခန့်ခွဲရေးဌာနခွဲ ညွှန်ကြားရေးမှူးက သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းဖြစ်သော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်၏ တာဝန်ထမ်းဆောင်ခဲ့မှု မှတ်တမ်းများ အား ဖတ်ကြားတင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းတစ်ဦးအနေဖြင့် သက်ပြည့် အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းအား ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ သက်ပြည့်အငြိမ်းစားယူခြင်းသည် အောင်မြင်သော လမ်းခွဲခြင်းဖြစ်ပါကြောင်း၊ ဌာနတွင် ယခုလို တာဝန်ထမ်းဆောင်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဌာနနှင့်လည်း အဆက်အသွယ် မပြတ်စေလိုပါကြောင်း၊ အကူအညီလိုအပ်ပါကလည်း တောင်းခံနိုင်ပါကြောင်း၊ ဌာနမှ အကူအညီလို အပ်ပါကလည်း ကူညီပေးစေလိုပါကြောင်း စသည်ဖြင့် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ တာဝန်ရှိသူများက သက်ပြည့်အငြိမ်းစားယူမည့် ဒုတိဘညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်အား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြပြီး ဒုတိယညွှန်ကြားရေးမှူးက အမှတ်တရနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်