Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်‌ရောင်စီမံကိန်း) ဖြင့် ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


31 Dec,2025

ကဝ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြောက်ဈေးဖလုံကျေးရွာရှိ မြောက်ဈေးဖလုံ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်တွင် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်‌‌ရောင် စီမံကိန်း) ဖြင့်ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်သူဦးသန်းတင်၏ လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး  ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဇေယျာဝင်းနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကမြောက်ဈေး ဖလုံစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ(၁၅)ဦး၏ လယ်မြေ(၆၅)ဧက၌ ဗီယက်နမ်(ဝက်လူး)မျိုး စိုက်ပျိုးထားမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်