လွိုင်ကော် ဒီဇင်ဘာ ၃၀
ကယားပြည်နယ်အတွင်း လမ်း၊ တံတားတည်ဆောက် ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ စည်ပင်သာယာရေးအဖွဲ့နှင့် လမ်းဦးစီးဌာနတို့မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းအစည်းအဝေးတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဥပဒေပါအချက်များ ဆွေးနွေးမျှဝေခြင်း၊လမ်း၊တံတားစီမံကိန်းများ နှင့်ပတ်သက်သည်များကို ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်