"တောင်တွင်းကြီးမြို့နယ် ဘိုကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းရာနှုန်းပြည့်ပြီးစီးမှုစစ်ဆေး"
တောင်တွင်းကြီး၊ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၆၄သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဘိုကုန်းကျေးရွာကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်နှင့်အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ဘိုကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်က လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘိုကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ၄ဖာလုံ၊အကျယ်၁၂ပေ၊အမြင့် ၉လက်မထု အတိုင်းအတာရှိ မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၆၄သန်းဖြင့် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ယူ၍ ဇွန်လစတုတ္တပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက်ဘိုကုန်းကျေးရွာရှိ အိမ်ခြေ ၁၇၆အိမ်၊လူဦးရေ ၇၃၀ဦးတို့၏ လယ်ယာစိုက်ဧက ၈၀ ဧကတို့မှ လယ်ယာထုတ်ကုန်၊ထွက်ကုန်များစျေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်မီအလွယ်တကူသယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန် ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်