ကျောင်းကုန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်
=============================================================================
ကျောင်းကုန်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာနှစ်တွင် ဖြည့်စွက်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပန်းတောရိုး ကျေးရွာအုပ်စု၊ ပန်းတောရိုးအနောက်စုကျေးရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကိုကိုဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းရည်ရွယ်ချက်အတိုင်း ကျေးရွာမှ အောင်မြင်အောင်ဆောင်ရွက်ရန်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ၂ ဦးတင်မောင်က ကျေးရွာသူကျေးရွာသားများမှ ရန်ပုံငွေကိုအကျိုးရှိအောင် အသုံးချကြရန်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက်အတိုင်း ကျေးရွာမှ အောင်မြင်အောင်ဆောင်ရွက်ရန်၊ ကျေးရွာသူကျေးရွာသားများမှ ရန်ပုံငွေကို အကျိုးရှိအောင် အသုံးချကြရန်ဆောင်ရွက်ကြရန်နှင့် ရရှိလာသော အတိုးရငွေများဖြင့် မိမိတို့ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်လုပ်ကိုင်ရန်၊ လိုအပ်သောငွေကြေးအရင်းအနှီးရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အကျုံးဝင်သောလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်ထံမှ သိရသည်။
ဒေါ်အေးအေးမာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်