Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း


06 Jan,2026

ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း

==============================================================================

ကျောင်းကုန်း ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင်  ပြည်ထောင်စု ရန်ပုံငွေဖြင့် ကညင်သုံးဆင့်ကျေးရွာအုပ်စု၊ ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်နေမှုအခြေအနေများကို ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက  တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးနှင့် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်က သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်  ကညင်သုံးဆင့်ကျေးရွာ၌ မြေသားလမ်းတိုးချဲ့ခြင်း လမ်းအရှည် ၁မိုင်၊အကျယ် ၁၅ ပေ၊ အမြင့် ၂ ပေ၊  တာဘောင်မြှင့်တင်ခြင်း လမ်းအရှည် လမ်းအရှည် ၁မိုင်၊ အကျယ် ၁၆ ပေ၊ အမြင့် ၃ ပေနှင့် မြေရောကျောက်ခင်းခြင်း လမ်းအရှည် ၁မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၉လက်မ၊  BOX-CULVERT (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို   ပြည်ထောင်စုရန်ပုံငွေ ၄၉၆.၈၉၃ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ခုနှစ် မေလ ၅  ရက်နေ့က တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ  ၇၇  ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း  ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်ထံမှ သိရှိရသည်။                     


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်