ကျောင်းကုန်းမြို့နယ် သဲကုန်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း
==============================================================================
ကျောင်းကုန်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ဖြင့် သဲကုန်ကျေးရွာအုပ်စု၊ သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေ များကို ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးနှင့် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်က သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် သဲကုန်ကျေးရွာ၌ လမ်းအရှည် ၄.၆၉၇ ဖာလုံ၊ ၊ အကျယ် ၁၆ ပေ၊ အမြင့် ၄ ပေ၊ မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ကျောက်ချောခင်းခြင်း အရှည် ၁.၃၆ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆လက်မ၊ BOX-CULVERT (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ၂၃၈.၈၅ သန်းဖြင့် ZLT SUPPER ELECTRICAL CO.,LTD မှ ၂၀၂၅ခုနှစ် ဇွန်လ ၁၀ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၄၄ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်ထံမှ သိရှိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်