နေပြည်တော်၊ ဇန်နဝါရီ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သည့် Bakery နှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ် စဉ်(၁၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ ဌာနအနေဖြင့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အလုပ် အကိုင်အခွင့်အလမ်းဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယခု မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် စားသောက်ကုန်လုပ်ငန်းများ စနစ်တကျ တည်ထောင်လုပ်ကိုင် ဆောင်ရွက်လိုသူများ ပေါ်ထွန်းလာစေရေးအတွက် တာရှည်ခံ သဘာဝသစ်သီးဖျော်ရည်၊ ယိုနှင့် သစ်သီးခြောက်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း၊ Bakery and Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း၊ ရေခဲမုန့်၊ အအေးနှင့် အဖျော်ယမကာထုတ်လုပ်မှုနည်းပညာသင်တန်း၊ သီးနှံ အခြေခံ အသင့်စား စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို သင်ကြားပို့ချပေးလျက် ရှိပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှ သင်ကြားပေးမည့် ပညာရပ်များအပေါ် အခြေခံ ကာ စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး မိမိထုတ်ကုန်၏ အရည်အသေး မြင့်မားအောင် လုပ်ဆောင် မှသာ ဈေးကွက်ရရှိရန် လွယ်ကူမည်ဖြစ်ကြောင်းနှင့် ကုန်ထုတ်လုပ်ငန်းများကို စနစ်တကျလုပ်ကိုင် နိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
ယခုဖွင့်လှစ်သော Bakery နှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စာတွေ့ လက်တွေ့ သင်ကြားပေးမည့်အပြင် ထုတ်ပိုးမှုဆိုင်ရာနည်းပညာများနှင့် စားသောက်ကုန်ဘေးအန္တ ရာယ် ကင်းရှင်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်