ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွဲဒရွတ်ကျေးရွာအုပ်စု ကျွဲဒရွတ်ကျေးရွာနှင့် ထန်းတပင်မြို့နယ် ဖိုးဝဲကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော ပန်းလှိုင်ချောင်းကူး(ကျွဲဒရွတ်)ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ဇန်နဝါရီလ ၁ ရက်တွင် ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းလှိုင်ချောင်းကူး(ကျွဲဒရွတ်)ကွန်ကရစ်တံတားသစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်၊ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ တွံတေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ပန်းလှိုင်ချောင်းကူး(ကျွဲဒရွတ်) ကွန်ကရစ်တံတားသစ် ကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
အဆိုပါ ပန်းလှိုင်ချောင်းကူးတံတားသည် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တံတားမှာ အရှည်ပေ ၂၂၀၊ အကျယ်ပေ ၂၀ သံကူကွန်ကရစ် ဘိုးပိုင်တံတားဖြစ်ပြီး တွံတေးမြို့နယ် ကျွဲဒရွတ်ကျေးရွာအုပ်စု ကျွဲဒရွတ်ကျေးရွာနှင့် ထန်းတပင်မြို့နယ် ဖိုးဝဲကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော ချောင်းကူးတံတားဖြစ်သည်။
အဆိုပါတံတားပြီးစီးသွားသည့်အတွက် ကျေးရွာအုပ်စု နှစ်စုမှ အိမ်ထောင်စုဝင်များ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်