Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

MSME လုပ်ငန်းအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်စိမ်းဝေ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ တံမြတ်စည်းလုပ်ငန်းအတွက် ပံ့ပိုးငွေများပေးအပ်


05 Jan,2026

ပျဉ်းမနား ဇန်နဝါရီ ၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နေပြည်တော်သမဝါယမဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှဆောင်ရွက်လျက်ရှိရာ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်၊ ပျဉ်းမနားမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ်ကျေးရွာ၌ MSME လုပ်ငန်းအနေဖြင့် တံမြတ်စည်း ချော/ကြမ်းကုန်ထုတ်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကျောက်စိမ်းဝေစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းထံ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် သမဝါယမအသင်းအချင်းချင်း ပံ့ပိုးငွေကျပ်(၃၀၀)သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ယခုထောက်ပံ့ဆောင်ရွက်ပေးသော ပံ့ပိုးငွေဖြင့် လုပ်ငန်းများပိုမိုတိုးချဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် ပံ့ပိုးငွေများဆုံးရှုံးမှုမရှိစေရေးအတွက် အသင်း တာဝန်ရှိသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်