Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု


05 Jan,2026

ဘားအံ ဇန်နဝါရီ ၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာရှိ အောင်သပြေလယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းက စိုက်ပျိုးထားရှိသော ဆောင်းဆီထွက်သီးနှံ (မြေပဲ)စိုက်ခင်းများသို့ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဦးစီးမှူးက အောင်သပြေလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုး ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

အောင်သပြေလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သမဝါယမကဏ္ဍမှ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မြေပဲစိုက်အသင်းသား တောင်သူ(၂၀)ဦးက စိုက်ဧက(၁၀၀) စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်