Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‌ကော့မှူးမြို့နယ် ကွင်းဝိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေး


07 Jan,2026

‌ကော့မှူးမြို့နယ် ကွင်းဝိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေး

‎*********************************

‎ကော့မှူး      ဇန်နဝါရီ       ၇

‎‎ဧရာဝတီတိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းဝိုင်းကျေးရွာ၌ ဒသမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာသိန်း က မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်များ၊ စီမံကိန်းဆောင်ရွက်ခြင်း ကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။

‎‎ဆက်လက်၍ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းအကြောင်းအရာများ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ငွေကျပ် ၄၉ သန်း ကို လွှဲပြောင်းပေးအပ်သည်။

‎‎ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက ကွင်းဝိုင်းကျေးရွာ၌ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၂၉ ဦးကို ငွေကျပ် ၂၁ ဒသမ ၁ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၇ ဦးကို ငွေကျပ် ၆ ဒသမ သုည ၅ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆ ဦးကို ငွေကျပ် ၂ ဒသမ ၁ သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၄၃ ဦးကို ငွေကျပ် ၁၉ ဒသမ ၇၅ သန်း၊ စုစုပေါင်းအသင်းသား၊ အသင်းသူ ၉၅ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၄၉ သန်း ထုတ်ချေးပေးခဲ့ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်