Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး လယ်ဝေးမြို့နယ် တံတားပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


09 Jan,2026

နေပြည်တော် ဇန်နဝါရီ ၉

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြို့ပင်သာကျေးရွာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ကြို့ပင်သာ-ပေါင်းလောင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူး ကွန်ကရစ်တံတား ပေ (၆၀၀) အား ဆက်သွယ်သွားလာမှု မပြတ်တောက်စေရန် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခဲ့မှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြကြသည်။

 တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြုပြင်ရန်ကျန်ရှိသည်များ အမြန်ပြုပြင်နိုင်ရေး ကြိုတင် စီမံထားရန်၊ အရည်အသွေးပြည့်မီရေးအတွက် တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရုံးပင်ကျေးရွာသို့ သွားရောက်၍ ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူး ကွန်ကရစ်တံတား ပေ (၈၄၀) ငလျင်ဒဏ်ထိခိုက်ပျက်စီးမှုများအား ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြန်လည်ပြုပြင်ခဲ့မှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်