သနပ်ပင်မြို့နယ် ကလိုင်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
သနပ်ပင်၊ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကလိုင်ကျေးရွာအုပ်စု၊ကလိုင်ကျေးရွာ၌ ကျေးရွာရေရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်
ဒေါ်ကေသီထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးဆန်းမင်းက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးနိုင်ရေးအလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ကလိုင်ကျေးရွာ၌ ဂါလံ ၂၄၀၀ဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊အလျား ၅ပေ ၊အနံ ၅ပေ၊အမြင့် ၇ပေ အတိုင်းအတာရှိရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်၄၈ဒသမ ၅ သန်းဖြင့် ဇူလိုင်လတတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်