Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆောင်းသီးနှံနေကြာ(ရုရှားမျိုး ၃ မျိုး) ယှဉ်ပြိုင်စမ်းသပ်ကွက်များအား ကွင်းဆင်းကြည့်ရှု


10 Jan,2026

ပဲခူး ဇန်နဝါရီ  ၁၀

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ပေါက်တပင်ကျေးရွာအုပ်စု ပျဉ်းမလွင်ကျေးရွာရှိ ရွှေလွင်မြေစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းတွင် ရုရှားနေကြာ(၃)မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက်များအား သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ကျော်လင်း၊ ပျားလုပ်ငန်းမှ တိုင်းတာဝန်ခံ ဦးအောင်ကျော်ဦးနှင့် ဆုလာဒ်ကုမ္ပဏီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ရာ အပင်ပေါက်နှုန်း ကောင်းမွန်စေရေး ပင်ကြားတန်းကြား ပေါင်းမြတ်များရှင်းလင်းရေးနှင့် အပင်များ အချိန်နှင့် တပြေးညီ ရှင်သန်ဖွံ့ဖြိုးစေရေးအတွက် အပင်များ သားခွဲစိုက်ပျိုးခြင်း၊ အပင်မပေါက်သည့် နေရာ များတွင် အပင်ဖာထေးစိုက်ပျိုးခြင်း၊ မြေစွဘောင်တင်ခြင်းနှင့် အပင်သက်တမ်းအလိုက်လိုအပ်သော ဓါတ်မြေဩဇာများ အချိုးကျထည့်သွင်းရန် မှာကြားခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်