အောင်လံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
************************************************************************
အောင်လံ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အောင်လံမြို့နယ်အတွင်းရှိ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်နဝါရီ ၆ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ အောင်လံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးဗိုလ်မင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၂၃၄သန်းဖြင့် အောင်လံ-ပြည်ကားလမ်းမှ မြင့်ဦးလမ်း အရှည် တစ်မိုင်၊ အကျယ် ၁၆ပေ၊ ထု ရှစ်လက်မ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီး လုပ်ငန်းအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် အောင်လံ-ကျောက်ပန်းတောင်း-သမ္ဘူလလမ်းမှ ရွှေပန်းတောလေးလမ်း အရှည်လေးဖာလုံ၊ အကျယ် ၁၈ပေ၊ ထု ခုနှစ်လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ အဆိုပါ လုပ်ငန်းကို တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၃၄၆သန်းဖြင့် ပြေအောင်ကုမ္ပဏီမှ ၂၀၂၅ခုနှစ်၊ ဩဂုတ် ၂ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်