Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖျာပုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲပြုလုပ်


09 Jan,2026

ဖျာပုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲပြုလုပ်


   ဖျာပုံ၊ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ခုဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အ ထည်ဖော်ဆောင်ရွက်မည့် ရှမ်းကွင်းကျေးရွာအားမြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကိုဇန်နဝါရီ ၈ရက်နံနက်ပိုင်းကဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်မှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်မြတ်က ကျေးလက်နေပြည်သူ များ ဆင်းရဲမှုလျော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင်အသေးစား၊အလတ်စား၊အငယ်စား စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကို  ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
     ထို့နောက် ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်မြတ်နှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျုံတာရှမ်းကွင်းကျေးရွာ အုပ်စု၊ရှမ်းကွင်းကျေးရွာမှမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
                                                      နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်