Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စုတွင် ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးသည့် အသင်းသား တောင်သူများအား သမဝါယမအသင်း ကွင်းဆင်း ဖွဲ့စည်းခြင်း


12 Jan,2026

ရေကြည် ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး ကျုံ‌ပျော်ခရိုင် ရေကြည်မြို့နယ်နွားရေတိုက်ကျေးရွာအုပ်စု နွားရေတိုက်ကျေးရွာတွင် သမဝါယမအသင်းအား အသင်းသား တောင်သူ(၁၆)ဦးဖြင့် နွားရေတိုက်ဓါတုကင်းလွတ်ရေကြည်ပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေသမဝါယမ အသင်းဖွဲ့စည်းခဲ့သည်။

အဆိုပါအသင်းအား အသင်းသားများအနေဖြင့် တဆက်တဆက်တည်း စိုက်ဧက (၁၀၀) ကျော်တွင် ဓာတုကင်းလွတ် ပေါ်ဆန်းစပါးမျိုးများ စိုက်ပျိုးထုတ်လုပ်ကြပြီး သမဝါယမအသင်း ဖွဲ့စည်းရသော ရည်ရွယ်ချက်မှာ အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့် ပေါ်ဆန်းစပါးများ ထုတ်လုပ်နိုင်ရေး၊ ထွက်ရှိလာသော ပေါ်ဆန်းမွှေးများအား ပြည်တွင်းပြည်ပ ဈေးကွက်သို့ တင်ပို့နိုင်ရေး တောင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွားလာစေရေးနှင့် တောင်သူများ လိုအပ်သော မျိုးကောင်းမျိုးသန့် သဘာဝမြေဩဇာများကို တစ်စုတစ်စည်းတည်း ပံ့ပိုးပေး နိုင်ရေး စသည်ဖြင့် အကျိုးကျေးဇူးများအား အသင်းဦးဆောင်သူ တောင်သူ ဦးကြည်ခိုင်စိုးမှ အသင်းဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းနှင့် သမဝါယမဦးစီးဌာနမှ အသင်း ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်